လာလည်ကြသောမိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲပါစေ

Friday, May 8, 2015

♪ ဖုန်းခေါ်ဆိုမှုများကို လျှင်မြန်လွယ်ကူစွာ ပြုလုပ်နိုင်မယ့် Drupe ♫

3

App တစ်ခုကို အသုံးပြုနေရင်းကနေ ဖုန်ုးခေါ်ဆိုချင်ရင် App ကို ပိတ်၊ Dialer App ကိုဖွင့်၊ Contact ကို လိုက်ရှာပြီး ခေါ်ဆိုကြရပါတယ်။ App ကို ပိတ်စရာမလိုဘဲနဲ့ ဖုန်းခေါ်ဆိုနိုင်ရင်တော့ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်တာက Drupe ဆိုတဲ့ Android App အသစ်တစ်ခု ဖြစ်ပါတယ်။
Drupe ကို ပထမဆုံးအကြိမ်ဖွင့်ရင် အသုံးပြုနည်းကို သင်ကြားပေးမှာ ဖြစ်ပြီး နောက်ဆုံးမှာတော့ Drupe ကို Turn On လုပ်ခိုင်းမှာပါ။ TURN ON DRUPE ကိုနှိပ်ပါ။

1

နောက်အဆင့်မှာ Accessibility Settings ထဲရောက်သွားမှာ ဖြစ်ပါတယ်။ Drupe ကို Services ကဏ္ဍအောက်မှာ ရှာပြီး On လုပ်ခိုင်းပါလိမ့်မယ်။ On ဖြစ်နေရင်လည်း Off လုပ်ပြီး On ပြန်လုပ်ပေးရမယ်လို့ အသိပေးစာပေါ်လာမှာပါ။ Got it ကိုနှိပ်ပါ။ ပြီးရင် Drupe ကို On လုပ်ပေးပါ။

2

Back Button ကိုနှိပ်ရင် Drupe ထဲကို ပြန်ရောက်သွားမှာ ဖြစ်ပြီး သင့်အီးမေးကို ထည့်ပေးပြီး Let’s Go ကိုနှိပ်ပါ။
ပြီးရင်တော့ Drupe ကို စတင်အသုံးပြုနိုင်ပါပြီ။ ဘယ်ဘက်မှာ သင့်ရဲ့ Contacts တွေကို ပြသပေးထားပြီး ညာဘက်မှာတော့ Apps တွေကို ပြသပေးထားပါတယ်။ Contact တစ်ခုကို လက်နဲ့ဖိဆွဲပြီး App ပေါ်တင်ပေးရမှာပါ။ ဖုန်းခေါ်တဲ့ App ပေါ်တင်ရင် ဖုန်းခေါ်ပေးမှာ ဖြစ်ပြီး Messaging App ပေါ်တင်ရင် စာပို့ပေးမှာ ဖြစ်ပါတယ်။

3
4

Home Screen ကနေ Drupe ကို အသုံးပြုဖို့ ဘယ်ဘက်မှ ဒေါင်လိုက်အစက်လေးခုကို လက်နဲ့ ညာဘက်သို့ ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။

5

Drupe Screen ရဲ့ ဘယ်ဘက်အောက်ခြေမှ ခလုတ်ကို နှိပ်ရင် Dialer Pad ပေါ်လာမှာ ဖြစ်ပြီး အဲဒီကနေလည်း ဖုန်းခေါ်နိုင်ပါတယ်။

6

Drupe Screen ရဲ့ ညာဘက်အောက်ခြေမှ Settings ကို နှိပ်ရင် Applications ကဏ္ဍကိုတွေ့ရမှာပါ။
Applications ကဏ္ဍထဲမှာတော့ Drupe Screen မှာ ပြသမယ့် Apps တွေကို သတ်မှတ်နိုင်ပါတယ်။ အပေါ်ဆုံးမှ Apps ခြောက်ခုကို Drupe Screen မှာ ပြသပေးတာ ဖြစ်ပါတယ်။ အောက်မှ App တစ်ခုကို အပေါ်မှ App နဲ့ အစားထိုးချင်ရင် ညာဘက်မှ အလျားလိုက်မျဉ်းကြောင်းကို လက်နဲ့ ဖိဆွဲပြီး အပေါ်မှ တစ်ခုနဲ့ လဲလှယ်ပေးရမှာပါ။

7

Drupe ရဲ့ ကောင်းမွန်တဲ့ အချက်တစ်ခုက App တစ်ခုကို သုံးနေရင်းက ဖုန်းခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် Facebook အသုံးပြုနေရင်းက ဖုန်းခေါ်ဆိုချင်ရင် ဘယ်ဘက်မှ ဒေါင်လိုက် အစက်လေးများကို ညာဘက်ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။

8

Drupe ရဲ့ User Interface က လှပတဲ့ အပြင် ဖုန်းခေါ်ဆိုမှုများကို လျှင်မြန်လွယ်ကူစေတာက သူ့ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Drupe ကို Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။


Myanmar Digital Life Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...