လာလည်ကြသောမိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲပါစေ

Sunday, February 22, 2015


Android ဖုန်း Lock Patten ဖြည်နည်း

Posted by နိုင်လင်း 

Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ဖုန်းကိုပိတ်ထားသူများ Pattern သို့မဟုတ် Pin မေ့နေတယ်ဆိုရင်....
ဖုန်းထဲမှာ google account ဝင်ထား ဖို့လိုအပ်ပါတယ်။
အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ Wi-Fi ချိတ်ထားဖို့ လိုပါတယ်။
ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။
ပြီးတော့ တခြားဖုန်း တစ်လုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ။
Answer လုပ်လိုက်ပါ … ပြီးလျှင် Back Key နှိပ်ပြီး Settings >Location & Security ထဲကနေ Disable lock pattern လုပ်ပါ။
ဆက်ပြီးတော့ Settings >Accounts & Sync ကနေ Add Account ပြီးတော့ မိမိ Google account ကိုထည့်လိုက်ပါ။
ဒါဆိုရင် ဖုန်းချလို့ရပါပြီ။
အောက်ပါ အဆင့်တွေဆက်လုပ်ပါမယ် Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင် ” You have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds” ဆိုပြီး ပေါ်လာပါမယ်။ OK နှိပ်လိုက်ပါ။
စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ။
သင့်ဖုန်းထဲမှာ ထည့်ထားတဲ့ Username နဲ့ Password ဖြည့်ပြီး Sign in လုပ်လိုက်ပါ။
အကောင့်ဝင်သွားပြီဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ။
အဲဒီ Patten ကိုတော့ သေချာမှတ်ထားပြီး Continue နှိပ်ပါ။
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ်။
အခုဏကအတိုင်း Patten ပြန်ဆွဲပါ။
ပြီးရင် Confirm နှိပ်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...