လာလည်ကြသောမိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲပါစေ

Sunday, February 22, 2015


လော့မကျ ဖုန်းနံပါတ်မတောင်းအောင် Facebook Account အသစ်ဖွင့်နည်း။

"  မင်္ဂလာပါဗျာ။
ကျနော် ဒီနေ့  လော့မကျ ဖုန်းနံပါတ်မတောင်းအောင်  Facebook Account အသစ်ဖွင့်နည်း ကို တင်ပေးဖို့ တောင်းထားကြတဲ့  သူငယ်ချင်းတွေအတွက် ခုမှ တင်ဖြစ်ပါတယ်။  နောက်ကျသွားလို့ တစ်မျိုးမမြင်ပါနဲ့ ။
ကျနော်လည်း မအားတာတော့  ကြာပြီးမို့  ခုလည်းမအားတဲ့ ကြားထဲ့ကနေ  ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ခဏခဏ ဖေ့ဘုတ်  လော့ကျ. တာတွေ ကြုံတွေနေရတဲ့ သူငယ်ချင်းတွေအတွက် ရော.   လွယ်လွယ်လေး ရှင်းရှင်းလေးကို  တင်ပြပေးသွားမှာပါ။ ဘာဖုန်းနံပါတ်မှလည်း ထည့်ပေးစရာ မလိုပါဘူးဗျာ။   အမှားတွေ ရှိခဲ့ရင်လည်း  ဖြည့်စွက်ဖတ်ပေးပါလို့  တောင်းဆိုပါရစေဗျာ။

ကဲ့ စပြီဗျာ  ။။။။။။။။။။။။  Computer . တွေ အတွက်နော်............။

 Facebook Account အသစ် တစ်ခုဖွင့်ဖို့    မိမိမှာ. Gmail. အီးမေ့ တစ်ခုရှိဖို့ လိုပါတယ်။
မရှိသေးကြတဲ့ သူငယ်ချင်းတွေ  (Gmail.Sign in)  မှာ သွားရောက်လေ့လာပေးပါ။
အီးမေ့ ရှိနေရင်.    အောက်မှာ တစ်ခါတည်းသွားလည်း ရတယ်နော်...

https://www.facebook.com/  ရောက်ပြီဆိုရင် အောက်ပါ စာမျက်နှာလေးမှာ....ကျနော်  ဖြည့်ပြထားတဲ့ အတိုင်း   ဖြည့်ပေးပါ။



အကုန်ဖြည့်ပြီးရင်တော့....  Sign Up  ကို နှိပ်သွားပေးပါဗျာ.။ အောက် စာမျက်နှာလေးဆီရောက်သွားပါလိမ့်မည်။

ရောက်ပြီးဆိုရင်တော့  Skip this step  ကိုပဲ ပြန်နှိပ်ပေးပါ။  ပြီးရင်တော့ အောက်ပုံကို ဆီ ရောက်သွားပါတယ်။

ဒီဘောက်လေးကျလာရင်တော့  ( Skip) ကိုပဲ ပြန်နှိပ်ပေးလိုက်နော်။ အောက်စာမျက်နှာလေးဆီ ရောက်သွားပါတယ်။

ကျနော် ဖြည့်ပြထားသည့်အတိုင်း နမူနာကြည့်ပြီး   သက်ဆိုင်ဖြည့်သွားပေးပါ။ မဖြည့်ပဲ  မကျော်သွားပါနဲ့ ။
သေချာအောင် ဖြည့်ပေးစေချင်ပါတယ်။ ဖေ့ဘုတ် လော့ကျတာ ဒီဘောက်တွေမှာ သေချာမဖြည့်ပေးလို့  ခဏခဏ လော့ကျတာဆိုလည်း မမှားနိုင်ပါဘူး။ ဒီနေရာမှာ  သက်ဆိုင်လို့ပါ.ဗျာ.။အကုန်ဖြည့်ပြီးရင်တော့..Next ကို နှိပ်ပေးသွားပါ။အောက်ပုံမှာ ။

  Add picture ကလစ်ပြီး   မိမိ စက်ထဲ့က ဓာတ်ပုံကို ရွေးပြီး  Open နှိပ်ပြီး ထုတ်ပေးလိုက်ပါ.....။
အောက်ပုံမှာ လည်း စိတ်တိုင်းကျ ရွေးချယ်နိုင်ပါပြီ။


မိမိဓာတ်ပုံ  စိတ်တိုင်းကျပြီးဆိုတော့ Next  ကို သာ နှိပ်သွားပေတော့ဗျာ။


အောက်မှာ ဖေ့ဘုတ်လေး တစ်ခု ပိုင်ဆိုင်သွားပါပြီး။ ဒါပေမယ့်    လော့မကျအောင်  ကာကွယ်ရဦးမယ်...ဒါမှ အသုံးပြုနေတဲ့သူ တွေ စိတ်မညစ်ရတော့ဘူပေါ့ ..အမြဲတမ်းအသုံးပျော်အောင်လို့  လုပ်ဆောင်ရဦးမယ်။.. လုပ်ဆောင်ချက်တွေက  အမျိုးမျိုး တွေ့ရပါတယ်. ဒါပေမယ့်  ကျနော်လုပ်နေကြအတိုင်းပဲ့ ။  ပြပေးသွားမှာပါဗျာ......။  အပေါ်ပုံ တစ်ချက်ကြည့်ပေးပါ .. အနီရောင်နှင့် ဝိုက်ထားတဲ့   Resend Email.  ဆိုကို ပြန်နှိပ်ပေးပါ။ ပြီးရင်တော့  ဘောက်လေးတစ်ခု ကျလာပါလိမ့်မည်။


ဒီဘောက်လေးမှာ   Go to Gmail now ဆိုကို ပြန်နှိပ်ပေးပါ။ နှိပ်ပြီးရင်တော့  မိမိရဲ့ အီးမေ့ဆီကို သွားပါလိမ်မည်။

မိမိရဲ့ အီးမေ့ဆီကို သွားနေပါတယ်။ မိမိ အီးမေ့မှာ စာနှစ်စောင် ရောက်နေတာကို တွေ့ရလိမ်မည်.။
စာအိပ်နှစ်စောင်မှာ  အပေါ်က Just one moer step to get started on facebook
စာအိပ်လေးကို  ဖွင့်ပြီး

 အောက်မှာ စာအိပ်လေး အတွင်းမှာ  နံပါတ်လေး ၅လုံးနဲ့   Confirm your Account  ဆိုတာကို နှိပ်ပေးရပါမယ်။
 အောက်မှာတော့  မိမိ ဖေ့ဘုတ်ကတော့   Confirm your Account လေး ဖြစ်သွားပါပြီး။။။

 တောင်းဆိုထားကြတဲ့ သူငယ်ချင်းတွေ ရေ.  အဆင်ပြေနိုင်မယ်လို့  ထင်ပါတယ်။ ခုတော့ လော့မကျ ဖုန်းနံပါတ်မတောင်းအောင်  Facebook Account အသစ်ဖွင့်နည်းကို လွယ်လွယ်လေးနဲ့ တင်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...