လာလည်ကြသောမိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲပါစေ

Sunday, February 22, 2015


Android OS သုံးဖုန်း /Tablet အမျိုးမျိုးကိုအလွယ်ဆုံးနည်းလမ်းများဖြင့် Root လုပ်နည်းများ

Posted by နိုင်လင်း on 8:12 PM with No comments

မြန်မာစာမပါတဲ့ Android OS သုံး ဖုန်း/Tablet များကို မြန်မာစာထည့်လိုတဲ့အခါ ၊ မူရင်း System ကန့်သတ်ထားတဲ့ Permission တွေကိုကိုယ့်စိတ်ကြိုက်ပြင်ဆင်လိုတဲ့အခါ ၊ Root Access ရမှအသုံးပြုနိုင်တဲ့ application တွေကိုအသုံးပြုလိုတဲ့အခါ Android OS သုံးဖုန်း /Tablet များကို Root လုပ်ရပါတယ်။ ဒါကြောင့် မိုဘိုင်းဖုန်းအသုံးပြုသူများအတွက် လွယ်ကူစွာလေ့လာလုပ်ဆောင်နိုင်မယ့် Android OS သုံးဖုန်း /Tablet များကိုအလွယ်ဆုံးနည်းလမ်းများဖြင့် Root လုပ်နည်းများကိုတင်ပြပေးလိုက်ပါတယ်။
ကွန်ပျူတာမလိုဘဲ “Frama Root” ဖြင့် Root လုပ်ခြင်း
http://i0.wp.com/onhax.net/wp-content/uploads/2014/08/framaroot.png?resize=620%2C330
ဒီနည်းလမ်းကတော့ Android OS သုံး ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။ Frama Root လို့ခေါ်တဲ့ Android apk လေးကိုဖုန်းမှာ ထည့်သွင်း install ပြုလုပ်ပြီး Root လုပ်ရမှာပါ။ ဒီနည်းလမ်းကတော့ ကွန်ပျူတာမလိုပါဘူး ။ အရင်ဆုံး “Frama Root” Android Application လေးကိုအောက်က link မှာရယူပါ။
Download ရယူထားတဲ့ Frama Root apk လေးကို ဖုန်းမှာ install လုပ်ပါ။ ပြီးလျှင် install လုပ်လိုက်တဲ့ Frama Root application ထဲကိုဝင်ပါ။ “Install SuperSU” ကိုရွေးပါ။
http://cloud.addictivetips.com/wp-content/uploads/2013/09/Farmaroot-one-click-root-for-Android.jpg
Select an explorit ….. ဆိုတဲ့စာသားအောက်က explorit တစ်ခုခုကို ကိုနှိပ်ပါ။ စတင် root လုပ်ပါလိမ့်မယ်။
ခဏအကြာမှာ Root လုပ်လို့အောင်မြင်ကြောင်း စာသားပြပါလိမ့်မယ်။
http://cloud.addictivetips.com/wp-content/uploads/2013/09/Farmaroot-device-exploit-successful.jpg
ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။
ကွန်ပျူတာကိုအသုံးပြု၍ VRoot (iRoot) ဆော့ဝဲဖြင့် Root လုပ်ခြင်း
ကွန်ပျူတာပေါ်ကနေ Android OS သုံး ဖုန်း/Tablet များကို root လုပ်နိုင်တဲ့ Root tool တွေထဲမှာအစွမ်းဆုံး ဆော့ဝဲလေးတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ VRoot ဆော့ဝဲလို့ခေါ်ပါတယ်။ အခုတော့ iRoot လို့နာမည်ပြောင်းသွားတာတွေ့ရပါတယ်။ ဒီဆော့ဝဲလေးသုံးပြီးတော့လည်း Android version 1.x ကနေ Android version 4.4 အထိရှိတဲ့ Android Devices များကို Root လုပ်နိုင်တာတွေ့ရပါတယ်။ VRoot ဆော့ဝဲကိုတော့ အောက်က link ကနေရယူပါ။
Download ရယူထားတဲ့ VRoot Installer ကို ကွန်ပျူတာမှာ အရင်ဆုံး Install ပြုလုပ်လိုက်ပါ။ ပြီးလျှင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးလျှင် ခုနက Install ပြုလုပ်ထားတဲ့ VRoot ဆော့ဝဲကိုသွင်းပါ။ ( ဖုန်း Driver မသိသေးရင် အင်တာနက်ကနေ auto download လုပ်ပါလိမ့်မယ်။ ) ။ Root အစိမ်းခလုတ်ကိုနှိပ်ပြီး စတင် Root လုပ်ပါ။ Root Process အောင်မြင်ရင် ဖုန်းက auto reboot ကျသွားပါမယ်။
http://i60.tinypic.com/15rbcao.png
ပြန်တက်လာရင် root access ရနေပါပြီ။
ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။
ကွန်ပျူတာကိုအသုံးပြု၍ Root Genius ဆော့ဝဲဖြင့် Root လုပ်ခြင်း
Easy to use
ဒီဆော့ဝဲကလည်း VRoot လိုမျိုးပါပဲ။ Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။
Root Genius ဆော့ဝဲကိုတော့အောက်က Link ကနေရယူပါ။
ပြီးလျှင် ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးလျှင်ခုနက Download ရယူထားတဲ့ Root Genius ဆော့ဝဲကိုဖွင့်ပါ။ Root it ကိုနှိပ်ပါ။ Root လုပ်လို့အောင်မြင်ရင်တော့ Root Successfully ဆိုပြီးပေါ်လာပါမယ်။
When rooted, you can...
ဖုန်းကလည်း auto reboot ကျသွားပါမယ်။ အကယ်၍ Root Successfully လို့ပေါ်ပေမယ့် ဖုန်းက reboot မကျရင်တော့ ကိုယ့်ဘာသာပဲ reboot ချလိုက်ပါ။
ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။
ကွန်ပျူတာကိုအသုံးပြု၍ Kingo ဆော့ဝဲဖြင့် Root လုပ်ခြင်း
http://www.kingroot.net/images/kr_m-main.jpg
ဒီဆော့ဝဲကလည်း VRoot , Root Genius တို့လိုမျိုးပါပဲ။ Android ဖုန်း/Tablet တော်တော်များများကို Root လုပ်နိုင်ပါတယ်။  Kingo Root ဆော့ဝဲကိုတော့အောက်က Link ကနေရယူပါ။
ပြီးလျှင် Download ရယူထားတဲ့ Kingo Root ဆော့ဝဲကိုကွန်ပျူတာမှာသွင်းပါ။ ဖုန်းရဲ့ Setting ထဲက Developer Option ထဲကိုဝင်ပြီး USB Debugging ကို on ထားပါ။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးလျှင်ခုနက Kingo Root ဆော့ဝဲကိုဖွင့်ပါ။
root flare s3
Root ကိုနှိပ်ပါ။ Android Device ကိုစတင် Root လုပ်ပါလိမ့်မယ်။ Root လုပ်လို့အောင်မြင်ရင်တော့ အမှန်ခြစ်လေးနဲ့ပေါ်လာပါမယ်။
ဖုန်းကလည်း auto reboot ကျသွားပါမယ်။ ပြန်တက်လာရင် Root Access ရနေပါပြီ။
ဖုန်းက Root ဖြစ်မဖြစ်ကိုတော့ PlayStore ကနေ Root check application တစ်ခုခုကို install ပြုလုပ်ပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။
အထက်ပါဖော်ပြခဲ့တဲ့ Root Tool များ ၊ Root Method များဖြင့် မိမိတို့ရဲ့ Android ဖုန်းတော်တော်များများကို အလွယ်ဆုံး Root လုပ်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ အားလုံးပဲအဆင်ပြေကြပါစေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...