ဖုန်းမှာ ဘာမဆို ဒေါင်းလုပ် download ဆွဲလို့ ရအောင်လုပ်နည်း လေးတင်ပေးလိုက်ပါတယ် fb မှာလည်း ကျနော် ခဏ ခဏ ရေး တင်ဘူးပါတယ် ကွန်ပျူတာနဲ့တင်ထားတဲ့ ကောင်တွေကို ဖုန်းနဲ့ဒေါင်းလုပ် ယူရင် အဆင်မပြေတတ်ပါဘူး
ကွန်ပျူတာနဲ့ ပြန်ဒေါင်းရင်တော့ ပြဿနာမရှိပေမဲ့ ဖုန်းနဲ့ ဒေါင်းလုပ်ဆွဲတဲ့အခါကျရင် မဆီမဆိုင် web page အသစ်တွေကျလာပြီး တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်။ အထူးသဖြင့်ကတော့ ဖုန်း ထဲမှာ offline အသုံးပြုနိုင်အောင်လုပ်ထားတဲ့ APK တွေကနေ တန်းပီး သူတို့တင်ထားတဲ့လင့်(link)ကနေ ဒေါင်းရင် ဟိုရောက်ဒီရောက် မူးနောက်အောင်ကို တိုင်ပတ်တတ်ပါတယ်ခင်ဗျာ။ ဒီလိုမဖြစ်ရအောင် အောက်ကကျနော်ပေးတဲ့နည်းလေးတွေနဲ့အသုံးပြုမယ်ဆိုရင်တော့ % ရာနှုန်းပြည့် %OK ပါတယ်။ကျနော်ပေးထားတဲ့ နည်းတွေနဲ့မှမရရင်တော့ (fake) ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့ သေချာပေါက်ကို လင့်(link)သေနေတာပါခင်ဗျာ ဆက်ပီးမကြိုးစားပါနဲ့တော့။ နည်းလမ်း ၁။ ဖုန်း ထဲမှာ offline အသုံးပြုနိုင်အောင်လုပ်ထားတဲ့ APK တွေကနေ တန်းပီးဒေါင်းချင်ရင် လိုချင်တာကိုနှိပ်လိုက်ပါ ရောက်ရင် အပေါ် ဘားတန်းရဲ့ညာဘက်ဒေါင့်နားလောက်မှာ Share လုပ်တဲ့ မျှားပုံစံ သင်္ကေတလေး ကိုနှိပ်လိုက်ရင် See all ကိုဆက်ပီးနှိပ်လိုက်ပါ ပီးရင်း ကိုယ်ထည့်ထားတဲ့ download manager ရဲ့ browser နဲ့ဖွင့်ပေးပါ။ခုချိန်အထိ အကောင်းဆုံးကတော့ ADM downloader Pro ကအကောင်းဆုံးပါ။ ဒါဆိုရင် ပုံမှန်အတိုင်း ဆက်လုပ်လို့ရပါပီ ပုံမှန် အတိုင်းဆက်ပီးဒေါင်းပုံဒေါင်းနည်းတော့ မပြောပြတော့ဘူးနော် ။
၂။အချို့ website များသည် downloader ဆော့ဝဲများနှင့် ဥပမာ။ ။ADM လိုဟာမျိုး နဲ့ download ဆွဲ လို့ မရပဲ သင် အသုံးပြုနေသော Browser မှ Default ပေးထားသော downloader နှင့်သာ ဒေါင်းလုပ်ဆွဲမှရနေတတ်ပြန်ပါသည်ခင်ဗျာ။အဲဒါကတော့ ကိုယ်က download လင့်ကို နှိပ်လိုက်သည့်အခါ သူက ဘယ်ဟာနဲ့ download ဆွဲမလဲ မေးပါလိမ့်မယ် ၊ ကိုယ်က firefox browser သုံးထားရင် firefox ကို ရွေးပေးလိုက်ရုံမျှသာပါပဲ ၃။နောက်တစ်နည်း ကတော့ ကိုယ် ဒေါင်းလုပ်ဆွဲမဲ့ website ရဲ့ အောက်ဆုံး မှာ web view ဆိုတာရှိပါတယ် အဲဒါကို နှိပ်လိုက်ရင် သူ့ဆိုဒ်ထဲကို dasktop view ပုံစံနဲ့ရောက်သွားပါတယ် ဒါဆိုရင်တော့ ကွန်ပျူတာနဲ့ဒေါင်းလုပ်ဆွဲနေတဲ့ပုံစံပါ။ ရောက်သွားပီ ဆိုရင်တော့ ဒေါင်းလုပ် လင့်(link)ကနေ တန်းပီးဒေါင်းလိုရပါပီ ဒါပေမဲ့ browser ရဲ့ default downloader နဲ့ ပဲဒေါင်းလုပ်ယူပေးနေတတ်ပါတယ် ဒါဆိုရင်တော့ Resume download မရတတ်လို့ ကျနော် အပေါ်က နံပါတ် ၁။ ကနည်းနဲ့ပေါင်းစပ်ပီး Resume download ရအောင်လုပ်ပေးနိုင်ပါတယ်။
၎။နောက်တစ်နည်းကတော့ သိပ်မလိုအပ်ပေမဲ့ ဘယ်လိုမှအဆင်မပြေတဲ့အခါစမ်းသပ်ကြည့်ဖို့ပါ။ အဲဒါကတော့ offline apk တွေကနေ ဒေါင်းလုပ်ဆွဲတဲ့ အခါ သူ့စတိုင်က လင့်(link) ပြပီး ဒေါင်းနေတာမဟုတ်လို့ ဒေါင်းလုပ် ဆွဲတဲ့ လင့်(link) ကို ရအောင် အင်တာနက်ကို ခေတ္တခဏ ပိတ်လိုက်ပါ ဒါဆိုရင် browser က သင်ဆွဲနေတဲ့လင့်နဲ့ အတူ connectoin မရှိတော့ကြောင်းပေါ်လာပါလိမ့်မယ် အဲဒီ အခါကျမှ လင့်(link) လေးကိုရွေး Copy လုပ် ပီး နှစ်သက်ရာ browser တစ်ခုခု မှာ သွား paste ချပီး ဒေါင်း လိုက်ပါခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။
Tuesday, February 17, 2015
Phone မှာ ဘာကိုမဆို download ဆွဲတဲ့နည်း
Labels:
facebook
Subscribe to:
Post Comments (Atom)
No comments:
Post a Comment