လာလည်ကြသောမိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲပါစေ

Tuesday, February 17, 2015

ကွန်ပျူတာရဲ့ အင်တာနက် ကို USB နဲ့ချိတ်ပြီး ဖုန်းနဲ့သုံးနည်း

လိုအပ်ချက်တွေကတော့
1.PC ( Personal Computer ) မှာ အင်တာနက်ချိတ်ထားရပါမယ်..
2. မိမိအသုံးပြုမယ့် Android Phone ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်..
3. မိမိဖုန်းနဲ့ချိတ်ဆက်မယ့် USB ကြိုးဟာ ကောင်းမွန်မှန်ကန်နေရမှာဖြစ်ပါတယ်..

လုပ်နည်း
1. မိမိဖုန်းမှာ USB Debugging ကို On ထားရမှာဖြစ်ပါတယ်... သာမန်အားဖြင့် Settings>>Application>>Development>>USB Debugging မှာအမှန်ခြစ်ရပါတယ်.. Android 4.2 နှင့်အထက် သမားတွေကတော့


(ANDROID 4.2နှင့် အထက် OS များတွင် USB DEBUGGING MODE ကို Enable လုပ်ခြင်း)
Nexus 4 မှာ ပါဝင်လာတဲ့ Android 4.2 မှာ USB Debugging Mode ကို Google က ဖွက်ပြီး ဖျောက်ထားတာ တွေ့ရပါတယ်။
Developer တွေအတွက် အဲ့ဒီ option ရမှပဲ အဆင်ပြေမှာ ဖြစ်တဲ့အတွက် USB debugging mode ကို Android 4.2 နဲ့ အထက် OS အသုံးပြုသူတွေအနေနဲ့ အောက်ပါအတိုင်း လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။
၁။ “Settings” ထဲကိုသွားပါ။ Home Screen ကနေ Menu button ကို နှိပ်ပြီး “System settings” ကိုရောက်နိုင်ပါတယ်။
၂။ Setting စာမျက်နှာရဲ့ အောက်ဆုံးပိုင်းကို ဆင်သွားမယ်ဆိုရင် “About phone” သို့မဟုတ် “About tablet” ကိုရှာဖွေပါ။
၃။ “About” screen မှာ ရှိတဲ့ “Build number” ကို (၇)ကြိမ်တိုင်တိုင် နှိပ်ယူရမှာ ဖြစ်ပါတယ်။
၎။ အကြိမ်အရေအတွက် ပြည့်သွားတယ်ဆိုရင် “You are now a developer!” ဆိုတဲ့ messageပေါ်လာမှာ ဖြစ်ပါတယ်။
၅။ ယခု အဆင့်ပြီးသွားရင် Setting Page မှာ {} Developer Options ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၆။ အဆင့်အားလုံး ပြီးသွားပြီဆိုရင်တော့ Developer Options အတွင်းမှာ USB Debugging Mode ကို အဖွင့်အပိတ် လုပ်ယူနိုင်ပြီ ဖြစ်ပါတယ်။



2. မိမိဖုန်းနဲ့ ကိုက်ညီတဲ့ Driver ကို PC မှာ Install လုပ်ပါ... မရှိရင်ဒီမှာ   ဒေါင်းပါ... Driver Install လုပ်ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာကို USB သုံးပြီး ချိတ်ဆက်လိုက်ပါ...
3. အောက်မှာပေးထားတဲ့ လင့် တစ်ခုခုကနေ ဖိုင်ကို ဒေါင်းလိုက်ပါ.. တစ်ခုက ဒေါင်းရင်ရပါပြီ...
Download Here 
 4. ဒေါင်းလို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ... အဲဒီထဲက Android ပုံလေးနဲ့ Android Tool.exe ကို Run လိုက်ပါ...
5. ပေါ်လာတဲ့ဘောက်မှာ Select Device ဆိုတဲ့အကွက်ကိုနှိပ်ပြီး ကိုယ့်ဖုန်းအမျိုးအစားကို ရွေးပေးပါ... မတွေ့သေးရင် Refresh ကိုနှိပ်ပါ... (ဒါမှ မတွေ့ရင်တော့ Driver ပြန်တင်ပါ.. Driver မသိလို့ပါ) ကိုယ့်ဖုန်းကိုသိပြီဆိုရင် Connect ကိုနှိပ်လိုက်ပါ... လိုအပ်တဲ့ ဖိုင်တွေကို Install လုပ်နေပါလိမ့်မယ်..



6. ခဏကြာရင်တော့ မိမိရဲ့ဖုန်းမှာ SuperUser Request တောင်းတာကို မြင်ရပါလိမ့်မယ်.. Remember ကို အမှန်ခြစ်ပြီး Allow ကိုနှိပ်ပေးလိုက်ပါ...


7. အားလုံးပြီးသွားရင်တော့ ဖုန်းကနေ ကွန်ပျူတာရဲ့ Internet ကို ယူသုံးလို့ရပါပြီခင်ဗျာ...
တစ်ချို့ အခက်အခဲတွေ့နိုင်ပါတယ်... သေသေချာချာ လုပ်ကြည့်ပါ.. အဆင်ပြေပါတယ်.
ဒါလုပ်ပြီးသွားရင်တော့ ကိုယ့်ဖုန်းကနေ Wi-Fi နဲ့တောင် ပြန်လွှင့်နိုင်ပါသေးတယ်... 
အဆင်ပြေကြပါစေခင်ဗျာ...

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...